သင်ဟာ အိမ်အကူ တစ်ဦးပါလား။ ဟောင်ကောင် အိမ်အကူများအတွက် မြန်မာဘာသာဖြင့် အကြံပြုချက်။


Please download Myanmar fonts/typeface to view.

 For instructions, click here.

For English, click here.

Domestic Helpers in Hong Kong

via Amnesty International

သင်သည် ဟောင်ကောင်ရှိ နိုင်ငံခြားသား အိမ်အကူတစ်ဦးဖြစ်ပါက ကျွန်တော်တို့ အနေဖြင့် သင့်အတွေ့အကြုံများကို ဝိုင်းဝန်းပြောပြပေးလိုပါသည်။ မိမိသိထားသော ဟောင်ကောင် အိမ်အကူအသိုင်းအဝိုင်းမှ ပျော်စရာ သို့မဟုတ် အပြုသဘောဆောင်သော အတွေ့အကြုံတစ်ခုဖြစ်စေ သို့မဟုတ် မီဒီယာအတွက် စိတ်ဝင်စားစရာကောင်းမည်ဟု ထင်ရသော ပိုမိုခက်ခဲသော ကိစ္စရပ်တစ်ခုဖြစ်စေ ေ၀မျှလိုပါသလား။ ကျွန်တော်တို့အား ဤနေရာတွင်  ဆက်သွယ်ပြီး ဟောင်ကောင် အိမ်အကူကိစ္စရပ်များကို ဖြေရှင်းပေးသော ကျွန်တော်တို့၏ မိတ်ဖက်တစ်ဦးဖြစ်သည့် Stories Beyond Borders ကို ကြည့်ပါ။ (အမည်ဖော်စရာ မလိုပါ – မိမိ၏ အလုပ်အကိုင်/ အလုပ်ရှင်နှင့် ပတ်သက်၍ စိုးရိမ်စရာဖြစ်နိုင်သည်ဟု ယူဆပါက သင်မည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ်ပေးထားမည်။) ကျွန်တော်တို့အား တခြားနည်းလမ်းဖြင့် အထောက်အကူပေးရန် ဤနေရာကိုနှိပ်ပါ။

အကူအညီရယူပါ

HK Helpers Campaign သည် အခက်အခဲတွေ့နေသော အိမ်အကူများကို မကူညီနိုင်ပါ။ သို့သော် မိမိ သို့မဟုတ် မိမိသိသူ တစ်ဦးဦး အခက်အခဲနှင့် ရင်ဆိုင်နေရပါက အသုံး၀င်မည့် အောက်ပါ သတင်းအချက်အလက်များကို ကြည့်ပါ။

ဆက်သွယ်ရန်/ အကူအညီများ

  •  ဟောင်ကောင်ရဲတပ်ဖွဲ့: အရေးပေါ်အခြေအနေ သို့မဟုတ် ဒဏ်ရာအနာတရဖြစ် သည့်အခါ ၉၉၉ ကို ဖုန်းခေါ်ပါ။ မိမိအနီးရှိ ရဲစခန်းဖုန်းနံပါတ်ကို ရှာဖွေရန် ဤနေရာကိုနှိပ်ပါ။
  • အခက်အခဲတွေ့နေသော အိမ်အကူများအတွက် အခမဲ့ ဥပဒေကြောင်းဆိုင်ရာ အကြံဉာဏ်၊ ဆွေးနွေးနှစ်သိမ့်မှုနှင့် အကူအညီ တို့အတွက် အောက်ပါတို့ကို ဆက်သွယ်ပါ။ Helpers for Domestic Helpers – ၂၅၂၃-၄၀၂၀ (သို့) အီးမေးလ် hdh@stjohnscathedral.org.hk သို့မဟုတ် Christian Action Ethnic Minorities & Domestic Worker Programme -၂၇၃၉-၆၁၉၃ (သို့)  အီးမေးလ် domhelp@christian-action.org သို့မဟုတ် HK Society of Counselling and Psychology (HKSCP) – မစ္စ ကလယ်ရာ ဟို ၉၈၃၀-၈၃၂၄ (သို့) အီးမေးလ် info@hkscp.org သို့မဟုတ် မိမိကိုယ်ကိုမိမိ အန္တရာယ်ပြုနိုင်ချေရှိသည်ဟု ခံစားရပါက The Samaritans ၂၄ နာရီ အရေးအခင်းနှင့် ဘာသာစကားအစုံသုံး မိမိကိုယ်မိမိသတ်သေမှု ကာကွယ်ရေး ဖုန်းလိုင်း – ၂၈၉၆-၀၀၀၀ (သို့) အီးမေးလ် jo@samaritans.org.hk
  • နှိပ်စက်ခံရ သို့မဟုတ် လူကုန်ကူးခံရပါက လမ်းညွှန်မှုရရှိရန် Liberty Asia ၏ ဘာသာစကားအစုံသုံး စော်ကားခံရသူဆိုင်ရာ အရေးအခင်းဌာန နှိပ်စက်/ လူကုန်ကူးခံရသူများအတွက် အရေးပေါ်ဖုန်းလိုင်း ၂၁၀၀-၃၃၀၀ သို့ ဆက်သွယ်ပါ။
  • လုံခြုံသော အရေးပေါ် နေထိုင်စရာလိုအပ်ပါက Bethune House Migrant Women’s Refuge – ၂၇၂၁ – ၃၁၁၉ (သို့) အီးမေးလ် bethunehouse86@gmail.com သို့ ဆက်သွယ်ပါ။
  • လိင်မှုဆိုင်ရာ အကြမ်းဖက်မှုနှင့်ပတ်သက်၍ အကြံဉာဏ်နှင့် အကူအညီ လိုအပ်ပါက Rainlily/ACSVAW – ၂၃၉၂-၂၅၆၉ (သို့) အီးမေးလ် acsvaw@rainlily.org.hk (သို့) enquiry@rainlily.org.hk သို့မဟုတ် Anti-480 Anti Sexual Violence Resource Centre – ၂၆၂၅-၄၀၁၆ (သို့) info@anti480.org.hk သို့ဆက်သွယ်ပါ။
  • ငွေရေးကြေးရေးဆိုင်ရာများ နှင့်ပတ်သက်သော အကြံဉာဏ်နှင့် အကူအညီ လိုအပ်ပါက Enrich – ၅၆၄၈-၀၉၉၀, အီးမေးလ် info@enrichhk.org သို့ ဆက်သွယ်ပါ သို့မဟုတ် ၎င်းတို့၏ ငွေရေးကြေးရေးဆိုင်ရာစီမံခန့်ခွဲမှုဆွေးနွေးပွဲ တစ်ခုခုကို တက်ရောက်ပါ။
  • ကိုယ်၀န် ရှိလာနိုင်သည်ဟု စိုးရိမ်ရသည်၊ ရှိနေသည် သို့မဟုတ် ဟောင်ကောင်တွင် ကလေးမွေးဖွားပြီး ဗီဇာ/အလုပ်အကိုင်အတွက် စိုးရိမ်နေသည် သို့မဟုတ် ကိုယ်၀န်ကြောင့် ခွင့်ပြုရက်ကျော်နေထိုင်နေရသည့် အတွက် အကြံဉာဏ်နှင့် အကူအညီလိုအပ်ပါက Pathfinders – ၅၁၉၀-၄၈၈၆ (သို့) အီးမေးလ် info@pathfinders.org.hk သို့ဆက်သွယ်ပါ။
  • အလုပ်အကိုင်စာချုပ် နှင့်ပတ်သက်သော ကိစ္စများအတွက် ဟောင်ကောင် အလုပ်သမားဦးစီးဌာန (Hong Kong Labour Department) – ၂၇၁၇-၁၇၇၁ သို့ဆက်သွယ်ပါ။
  • လူ၀င်မှုကြီးကြပ်ရေး ကိစ္စများအတွက် ဟောင်ကောင် လူ၀င်မှုကြီးကြပ်ရေး ဦးစီးဌာန (Hong Kong Immigration Department) – ၂၈၂၄-၆၁၁၁ ကို ဆက်သွယ်ပါ။
  • ဟောင်ကောင်အစိုးရလုပ်ငန်းများနှင့် ဆက်စပ်သော အခြားအကူအညီများ အတွက် Government Residents Hotline – ၁၈၆၈ ကိုဆက်သွယ်ပါ။
  • အခြား ဟောင်ကောင် နိုင်ငံခြားအိမ်အကူဆိုင်ရာ NGO များ၊ ကုသိုလ်ဖြစ် အဖွဲ့များနှင့် အကူအညီပေးရေး အဖွဲ့များအား ဤစာရင်းတွင် ကြည့်ပါ။
  • Helpers for Domestic Helpers၊ Bethune House၊ ACSVAW၊ HK Women’s Workers Association၊ Mission for Migrant Workers၊ FADWU၊ Open Door၊ Christian Action၊ Pathfinders နှင့် HK Helpers Campaign အဖွဲ့တို့၏ လူမှုရေးလုပ်ငန်းအခမ်းအနားများကို သိရှိရန်အတွက် Facebook စာမျက်နှာများကို ကြည့်ပါ။

သင့် ကောင်စစ်ဝန်ရုံး

အကူအညီတောင်းခံရန် အီးမေးလ်ပို့သည်ထက် ဖုန်းခေါ်ဆိုသည် ပိုမို ထိရောက်သည်။

မြန်မာကောင်စစ်ဝန်ရုံး – ၂၈၄၅-၀၈၁၀ (သို့) ၂၈၄၅-၀၈၁၁ (သို့) အီးမေးလ် myancghk@biznetvigator.com

သင့် အခွင့်အရေးများ –

  •  သိရှိနားလည်ပါ –  အိမ်အကူတစ်ဦးအနေဖြင့် မိမိ၏ အခွင့်အရေးများကို သိရှိရန် အတွက် Helpers for Domestic Helpers မှ (အင်္ဂလိပ်ဘာသာဖြင့် PDF) လက်စွဲစာအုပ်ကို ဒေါင်းလုတ်ဆွဲပါ။ Civil Liberties Union မှ ဤလမ်းညွှန်ချက်များအရ ဟောင်ဟောင်တွင် ပုံမှန်နေထိုင်သူတစ်ဦးအနေဖြင့် မိမိ၏ အခွင့်အရေးများကို သိရှိထားပါ။ Enrich ဆွေးနွေးပွဲ တစ်ခုကို တက်ခြင်းဖြင့် ငွေရေးကြေးရေးစီမံမှုနှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်မှုများ အကြောင်း လေ့လာပါ။
  • နိုင့်ထက်စီးနင်းပြုလုပ်မှု – အလုပ်ရှင်အများစုသည် တရားမျှတကြသော်လည်း အချို့မှာ ၎င်းတို့၏ အိမ်အကူများအား လိမ်ညာ၊ အနိုင်ကျင့် သို့မဟုတ် အမြတ်ထုတ်ခြင်းများ ပြုလုပ်နိုင်သည်။ ပြဿနာအားလုံးကို အချိန်၊ နေရာ၊ ရက်စွဲနှင့်တကွ မှတ်သားထားပါ – အနိုင်ကျင့်နှိပ်စက်မှုကို သက်သေပြရန် လိုလာနိုင်သည်။ ဓာတ်ပုံမှတ်တမ်း ပြုပါ၊ ဆေးဝါးကုသမှု ခံယူပြီး ဆေးဝါးမှတ်တမ်းများနှင့် ဖြတ်ပိုင်းများ အားလုံး၏ မိတ္တူများကို သိမ်းဆည်းထားပါ။
  • ရဲတပ်ဖွဲ့ – ခြိမ်းခြောက်ခံရ သို့မဟုတ် ကိုယ်ထိလက်ရောက်/လိင်ပိုင်းဆိုင်ရာ အန္တရာယ်ပြုခံရပါက ရဲတပ်ဖွဲ့သို့ အကြောင်းကြားပါ။ ရဲတပ်ဖွဲ့ထံမှ ရည်ညွှန်းစာအမှတ်ကို တောင်းယူပြီး ရဲမှတ်တမ်းကို လက်မှတ်မထိုးမီ သေချာစွာ ဖတ်ရှုပါ။ ရဲတပ်ဖွဲ့ထံမှ အကူအညီနှင့် စာရွက်စာတမ်းများကို မိမိ ဘာသာစကားဖြင့် ပေးအပ်ရန် တောင်းခံပါ။ (အချိန်၊ ရက်စွဲစသည့်) အချက်အလက်များကို မမှတ်မိပါက ဖန်တီးမပြောပါနှင့်။ မိမိမလုပ်ခဲ့သည့် ကိစ္စများကို လုပ်သည်ဟု မ၀န်ခံပါနှင့်။ လက်မှတ်ထိုးထားသော စာရွက်စာတမ်းမိတ္တူအားလုံးကို ရယူပါ – မိမိ၏ အခွင့်အရေးဖြစ်သည်။ ရဲတပ်ဖွဲ့မှ သင့်တော်စွာ သို့မဟုတ် အရေးတယူမဆောင်ရွက်ပါက အကူအညီ ရယူပြီး တိုင်ကြားပါ။
  • လုပ်ခလစာ – ဟောင်ကောင်ရှိ နိုင်ငံခြားသား အိမ်အကူ အားလုံး (အောက်တိုဘာလ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် စာချုပ်ချုပ်ဆိုပါက) အနည်းဆုံး တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၄,၀၁၀ ရရမည်။
  • ATM ကဒ် – အကယ်၍ အလုပ်ရှင်က ATM ကဒ်ကို သိမ်းဆည်းထားပါက ဘဏ်သို့ အကြောင်းကြား၍ ထိုကဒ်ကို ဖျက်သိမ်းပြီး အသစ်တစ်ခု ရယူပါ။ ဤနေရာတွင် ပိုမိုပြည့်စုံစွာ ဖတ်ရှုပါ။
  • လုပ်ခလျှော့ပေးခြင်း – သင့်အားပေးသည့် ငွေပမာဏကို တိကျမှန်ကန်စွာ ဖော်ပြထားခြင်းမရှိသော ဖြတ်ပိုင်းကို မည်သည့်အခါမျှ လက်မှတ်မထိုးပါနှင့်။ ဖြတ်ပိုင်းမရှိလျှင်ပင် လုပ်ခလစာများကို အမြဲမှတ်တမ်းတင်ထားပါ။ ဤနေရာတွင် ပိုမိုပြည့်စုံစွာ ဖတ်ရှုပါ။
  • နားရက်များ – ၇ ရက်လျှင် ၂၄ နာရီအပြည့် နားရက်တစ်ရက် ရရမည်။ နှစ်တိုင်း ဟောင်ကောင် အစိုးရ ရုံးပိတ်ရက်များအနက် ၁၂ ရက် နားရက်ရရမည် (၂၀၁၄ ခုနှစ် ပိတ်ရက်များကို ကြည့်ရန် ဤနေရာကို နှိပ်ပါ)။ ဆန္ဒရှိပါက မိမိသဘောအလျှောက် နားရက်တွင် အလုပ်လုပ်နိုင်သော်လည်း ထိုသို့ ဆောင်ရွက်ရန် တွန်းပေးသည်ဟု ခံစားရခြင်း မရှိသင့်ပေ။
  • အားလပ်ရက်များ – ဟောင်ကောင်တွင် ပထမနှင့် ဒုတိယနှစ်များအတွက် တစ်နှစ်လျှင် ၇ ရက် လစာဖြင့် နှစ်ပတ်လည်ခွင့်ခံစားခွင့်ရှိပြီး တဖြည်းဖြည်း ဖြင့် လုပ်သက်တစ်နှစ်လျှင် တစ်ရက်တိုးကာ တစ်နှစ်လျှင် ၁၄ ရက်ထိ တိုး၍ ခံစားခွင့်ရှိသည်။
  • နေစရာနှင့် စားစရာ – သင့်တင့်စွာ ပြင်ဆင်ထားသော နေစရာနှင့် အခမဲ့ စားစရာ သို့မဟုတ် စားသောက်ရန် ငွေကြေး ဟောင်ကောင်ဒေါ်လာ ၉၂၀ (အောက်တိုဘာလ ၂၀၁၃ ခုနှစ်နောက်ပိုင်း စာချုပ်ချုပ်ဆိုသူများအတွက်။ ဤငွေမှာ လစာအပြင် ထပ်ဆောင်းပေးခြင်းဖြစ်သည်) ရရမည်။
  • ဆေးဝါးစောင့်ရှောက်မှု – အခမဲ့ ဆေးဝါးစောင့်ရှောက်မှု ရရမည်။
  • လေယာဉ်လက်မှတ် – စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ မိမိနိုင်ငံပြန်ရန် အခမဲ့ လေယာဉ်လက်မှတ် (သို့မဟုတ် လက်မှတ်ဝယ်ရန် ငွေကြေး) ရရှိရမည်။
  • ကိုယ်၀န်ဆောင်ခြင်း – ကိုယ်ဝန်ရှိလာပါက သင့်အား အလုပ်ရှင်အနေဖြင့် အလုပ်ဖြုတ်ခွင့် မရှိပေ။ အခြေအနေအများစုတွင် မီးဖွားခွင့် ၁၀ ပတ် ရနိုင်ခွင့် ရှိသည်။ အသေးစိတ်အချက်အလက်များသိနိုင်ရန် Pathfinders ကိုဆက်သွယ်ပါ။
  • ဟောင်ကောင်အေဂျင်စီများ – ဟောင်ကောင် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုခုမှ အလုပ်ရှင်အသစ်ရှာဖွေပေးရန် ဟောင်ကောင်ဒေါ်လာ ၄၀၁ ထက် ပိုမိုတောင်းခံပါက (သင့်စာချုပ်သည် အောက်တိုဘာလ ၂၀၁၃ ခုနှစ်နောက်ပိုင်း ချုပ်ဆိုထားခြင်းဖြစ်ပါက) ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ ဤနေရာတွင် ပိုမိုပြည့်စုံစွာ ဖတ်ရှုပါ
  • မိမိကိုယ်ပိုင်ပစ္စည်းများနှင့် နိုင်ငံကူးလက်မှတ် – အလုပ်ရှင်အနေဖြင့် သင့်ကိုယ်ပိုင် ပစ္စည်းများ၊ အထူးသဖြင့် ဖုန်း၊ နိုင်ငံကူးလက်မှတ်၊ စာချုပ် သို့မဟုတ် စာရွက်စာတမ်းများကို ရယူသိမ်းဆည်းခွင့်မရှိပါ။ အရေးကြီးသော စာချုပ်စာတမ်းများကို မိတ္တူကူးထားပါ။ ဤနေရာတွင် ပိုမိုပြည့်စုံစွာ ဖတ်ရှုပါ။
  • အိမ်ပြင်ပတွင် အလုပ်လုပ်ခြင်း – စာချုပ်တွင် ပါသော လိပ်စာအပြင် အခြားနေရာများတွင် အလုပ်လုပ်ခြင်းသည် လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် ဆန့်ကျင်သည်။ အခြားအလုပ်ရှင် သို့မဟုတ် စီးပွားရေးလုပ်ငန်း သို့မဟုတ် အိမ်တွင်းမှုမဟုတ်သည့် လုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိပါ။ ထိုသို့ လုပ်ဆောင်ပါက ထောင်ကျခြင်း သို့မဟုတ် အိမ်ပြန်ပို့ခံရခြင်းတို့နှင့် ကြံရနိုင်သည်။ ထို့အတွက် လူဝင်မှုကြီးကြပ်ရေးဌာနကို ချက်ချင်း အကြောင်းကြားပါ (ဆက်သွယ်ရန် လိပ်စာများ အထက်တွင်ဖော်ပြထားသည်)။ ဤနေရာတွင် ပိုမိုပြည့်စုံစွာ ဖတ်ရှုပါ။

အစိုးရ လမ်းညွှန်ချက်များ

ဟောင်ကောင် အလုပ်သမား ဦးစီးဌာနမှ လမ်းညွှန်ချက်များ –

အလုပ်ရှင်များနှင့် နိုင်ငံခြားသား အိမ်အကူများအတွက် လက်တွေ့ လမ်းညွှန်ချက်များ

အင်္ဂလိပ်ဘာသာဖြင့်.

အလုပ်အကိုင်ဥပဒေအရ နိုင်ငံခြားသား အိမ်အကူများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှု

အင်္ဂလိပ်ဘာသာဖြင့်.

အလုပ်အကိုင်အေဂျင်စီများကို အသုံးပြုသည့် နိုင်ငံခြားသားအိမ်အကူများအတွက် အရေးပါသော မှတ်ချက်များ

o  မြန်မာဘာသာဖြင့်.

divider.png (250×50)

Kindly translated by Zaw Htet of Hong Kong University